မိုဘိုင်းရှာဖွေးရေးအတွေ့အကြုံများ သင်ကိုယ်တိုင် ဖန်တီးရရှိစေမည့်
နည်းလမ်းများစွာကို Android အတွက် မီးမြေခွေးသာလျှင် ပေးစွမ်းမှာ ဖြစ်ပါသည်
အရာအားလုံးကို မျှဝေရန် အကောင်းဆုံးနည်းလမ်းဖြစ်သည့် Quick Share က အဆင်ပြေလွယ်ကူစေရန် မကြာခဏသုံးလေ့ရှိသည့် အက်ပ်များကို မှတ်ထားပေးပါသည်။
ဆောင်ရွက်ပုံကို ကြည့်ရန်
နှစ်သက်သည့် ဝဘ်အစိတ်အပိုင်းကို အသုံးပြုပြီး အဖွင့်စာမျက်နှာပန်နယ်များကို စိတ်ကြိုက်ပြုပြင်ပါ။ မိမိနှစ်သက်ရာ သတင်းတိုများ — ဥပမာ Instagram၊ Pocket Hits စသည်တို့ထံမှ — ကိုလည်း ချက်ချင်း ရယူဖတ်ရှုပါ။
ဆောင်ရွက်ပုံကို ကြည့်ရန်
နှစ်သက်ရာအစဉ်အတိုင်း အဖွင့်ပန်နယ်များကို ပြသနိုင်သည်။ သို့မဟုတ် မိမိနှင့် အဆင်ပြေသည့်ပုံစံအတိုင်း နှစ်သက်ရာပန်နယ်များကို အသစ်ထည့်သွင်း၊ ဖျောက်ထား၊ ပယ်ဖျက်နိုင်သည်။
ပိုမိုလေ့လာရန်
နှစ်သက်ရာ ရှာဖွေရေးယန္တရားကို ထည့်ပါ။ ပြီးနောက် ပုံသေအသုံးပြုယန္တရားအဖြစ် သတ်မှတ်ပါ။ သို့မဟုတ် မိမိ၏ရှာဖွေမှုနှင့် ကိုယ်ရေးကိုယ်တာလိုအပ်ချက်များနှင့် ကိုက်ညီသော အပြင်အဆင်ကို မည်သည့်အချိန်တွင်မဆို ပြောင်းလဲသတ်မှတ်နိုင်သည်။
ဆောင်ရွက်ပုံကို ကြည့်ရန်
စာဖတ်အမြင်နှင့် စာဖတ်စာရင်းကို အသုံးပြုပြီး အဆင်ပြေကောင်းမွန်စွာ ဖတ်ရှုနိုင်သည်။ အွန်လိုင်းမဟုတ်သည့်အချိန်များတွင် သိမ်းဆည်းထားသည့်ဆောင်းပါများကို ရယူအသုံးပြုပါ။
ဖတ်ရှုနေဆဲစာရင်းအကြောင်း ပိုမိုလေ့လာမည်
မိမိအသုံးပြုသည့် ဘာသာစကားများကို ကိရိယာအပြင်ဆင်တွင် သွားရောက်ပြောင်းလဲစရာမလိုပဲ သို့မဟုတ် ဘရောင်ဇာကို ပြန်ဖွင့်စရာမလိုပဲ လွယ်ကူအဆင်ပြေစွာ ပြောင်းလဲအသုံးပြုနိုင်သည်။
ပိုမိုလေ့လာရန်
သင့်စမတ်ဖုန်း သို့မဟုတ် တက်ဘလက်ကနေ စထရင်းမင်းစွမ်းရည်ပါရှိသည့် မည်သည့် တီဗွီသို့မဆို ဗီဒီယိုနှင့် ဝဘ်အကြောင်းအရာများကို ပေးပို့နိုင်သည်။
ပိုမိုလေ့လာရန်
သင့်ကိုယ်ရေးကိုယ်တာအချက်အလက်များသည် သင်နှင့်သာဆိုင်ပါသည်ဟု ယုံကြည်ပါသည်။ Android အတွက် Firefox ကို လက်ရှိပုံစံအတိုင်း ဆောင်ရွက်မှုရှိနေစေရန် စွမ်းဆောင်ရည်များ ဖြည့်ထားသည်။
သိမ်းထားသည့် မှတ်တမ်း၊ ရှာဖွေမှုများနှင့် ကွတ်ကီးများမရှိပဲ ရှာဖွေအသုံးပြုနိုင်သည်။ ထို့ပြင် အသုံးပြုနေစဉ်တစ်လျှောက် နောက်ယောင်ခံလိုက်နေသည့် ပုန်းကွယ်နေသော အခြားကိရိယာများကိုလည်း ပိတ်ပင်နိုင်သည်။
သီးသန့် ရှာဖွေကြည့်ရှုခြင်းအကြောင်း ပိုမိုလေ့လာကြည့်ပါရှာဖွေမှုမှတ်တမ်း၊ စကားဝှက်များနှင့် အခြား စသည်တို့ကို တစ်ခါတို့ထိရုံဖြင့် ဖျက်နိုင်သည်။ ဘယ်အချိန်ပဲဖြစ်ဖြစ် ကိုယ်ရေးကိုယ်တာဆိုင်ရာ အချက်အလက်ကို ဖျက်လိုလျှင် ဖျက်လိုသည့် အချက်အလက်ကို ရွေးချယ်ပါ။
သင့်မှတ်တမ်းရှင်းလင်းနည်း လေ့လာပါမိသားစုဝင်များ၊ မိတ်ဆွေများနှင့် အချင်းချင်း တွေ့ဆုံနိုင်မှာဖြစ်သည့်အတွက် စိုးရိမ်ပူပန်စရာမလိုပဲ သင့်ဘရောင်ဇာကို မိတ်ဆွေများ၊ မိသားစုဝင်များနှင့် မျှဝေအသုံးပြုပါ။
ဘရောင်ဇာမျှဝေအသုံးပြုနည်းကို လေ့လာရန်စကားဝှက်များ၊ စာမှတ်များ၊ ဖွင့်ထားသည့် တပ်ဗ်များနှင့် အခြား စသည်တို့ကို ဘယ်သွားသွား ယူဆောင်သွားပါ။ ဒက်စတော့ကနေ ဘာပဲဖြစ်ဖြစ် ရယူအသုံးပြုနိုင်ရန် — နှင့် အပြန်အလှန်အားဖြင့် — URLs ကို မှတ်မိစရာမလိုပဲ အသုံးပြုနိုင်ရန် Sync ကို သင့် စမတ်ဖုန်း သို့မဟုတ် တက်ဘလက်တွင် အသုံးပြုပါ။
Sync အကြောင်း ပိုမိုလေ့လာပါ