ကြည့်ရတာ မီးမြေခွေး ဗားရှင်း အဟောင်းကို သုံးနေတယ်ထင်တယ်

တပြေးညီဖြစ်မှု ဗားရှင်းအသစ်သည် နောက်ဆုံးပေါ်မီးမြေခွေးနှင့်သာ အလုပ်လုပ်ပါသည်။

တပြေးညီဖြစ်မှုသည် မီးမြေခွေးနှင့်အတူ ရရှိနိုင်သည့် အကောင်းဆုံးစွမ်းရည်များထဲမှ တစ်ခုသာ ဖြစ်သည်။

သင့် iOS နှင့် Android ကိရိယာများရှိ မီးမြေခွေးကို ယခုပဲ sync လုပ်ပါ။

မီးမြေခွေးအားဒေါင်းလုဒ်ရယူပါ — မြန်မာဘာသာ

သင့်စနစ်သည် မီးမြေခွေးကို အသုံးပြုရာတွင် လိုအပ်သောအချက်များနှင့် မကိုက်ညီပါ။ သို့သော် ဒီဗားရှင်းများထဲမှ တစ်ခုခုကို စမ်းသပ်အသုံးပြုနိုင်သည်။:

မီးမြေခွေးအားဒေါင်းလုဒ်ရယူပါ — မြန်မာဘာသာ

သင့် ကွန်ပျူတာစနစ်သည် Firefox အသုံးပြရန် လိုအပ်ချက်များ နှင့်မပြည့်စုံပါ

သင့် ကွန်ပျူတာစနစ်သည် Firefox အသုံးပြရန် လိုအပ်ချက်များ နှင့်မပြည့်စုံပါ

Please follow these instructions to install Firefox.

မီးမြေခွေး ကိုယ်ရေးလုံခြုံမှု

တပြေးညီဖြစ်မှုကို အသုံးပြုရန် လွယ်ကူသော အဆင့်လေးဆင့်နှင့် စတင်ပါ။

  1. မီးမြေခွေး၏ အပေါ်ညာဘက်တွင်ရှိသော မီနူးစာရင်းကို ဖွင့်ပါ။ ထို့နောက် “တပြေးညီဖြစ်ရန် ဝင်ရောက်ပါ။”ကို ရွေးပါ။
  2. ယခုပွင့်နေသည့် တပ်ဗ်ထဲတွင်ရှိသည့် “စတင်ရန်”ကို ကလစ်နှိပ်ပါ။
  3. မီးမြေခွေးအကောင့် ဖန်တီးရန်” အီးမေးလ်လိပ်စာနှင့် စကားဝှက်ကို ရိုက်ပါ။
  4. သင့်အီးမေးလ်သို့ အတည်ပြုချက် ပို့ရန် “ရှေ့သို့”ကို နှိပ်ပါ။

သင့်အီးမေးလ်ကို စစ်ပြီးသည့်နောက်တွင် အတည်ပြုလင့်ခ်ကို နှိပ်ပါ။ သင် အားလုံးကို ဆောင်ရွက်စေပြီးသား ဖြစ်သွားမည်။ မီးမြေခွေးသည် တပြေးညီဖြစ်ရန် နောက်ကွယ်တွင် အလိုအလျောက် ဆောင်ရွက်ပါမည်။

တပြေးညီဖြစ်မှုကို လွယ်ကူသော အဆင့်ငါးဆင့်နှင့် လုပ်ဆောင်နည်း

  1. မီနူးစာရင်းခလုတ်ကို ထိပါ (မျက်နှာပြင်၏ အောက်ဘက် သို့မဟုတ် ဘရောင်ဇာ၏ အပေါ်ညာဘက်ထောင့်)။
  2. အပြင်အဆင်များကို ရွေးပါ (ပို၍ကို ဦးစွာ ထိရန် လိုပါလိမ့်မည်)။
  3. တပြေးညီဖြစ်မှုကို ထိပါ။ ထို့နောက် စတင်ရန်ကို ထိပါ။
  4. မီးမြေခွေးအကောင့် ဖန်တီးရန် စာမျက်နှာသည် တပ်ဗ်အသစ်တစ်ခုထဲတွင် ပွင့်လာပါလိမ့်မည်။
  5. ဖောင်ကို ဖြည့်ပြီး ရှေ့သို့ကို နှိပ်ပါ။

သင့်အီးမေးလ်ကို စစ်ပြီးသည့်နောက်တွင် အတည်ပြုလင့်ခ်ကို ကလစ်နှိပ်ပါ။ သင် အသုံးပြုရန် အသင့်ဖြစ်နေပြီ။ တပြေးညီအတူတူဖြစ်စေရန် သင့်ကိရိယာအားလုံးကို ချိတ်ဆက်ရန် မမေ့ပါနှင့်။

များများပဲဖြစ်ဖြစ် နည်းနည်းပဲဖြစ်ဖြစ် တပြေးညီဖြစ်စေပါ။

သင့် မီးမြေခွေး၏ ဘယ်အစိတ်အပိုင်းကို တပြေးညီ ဖြစ်စေမယ်ဆိုတာနှင့် ဘယ်နေရာမှာ တပြေးညီဖြစ်စေမယ်ဆိုတာကို သင် ရွေးပါ။ သင်နေ့စဉ် ဆောင်ရွက်သည့်ကိစ္စများတွင် သင်ဖွင့်ထားသည့် စာမျက်နှာများကို ယူဆောင်ပါ။ သင့်လုပ်ငန်းခွင်မှာ စာမှတ်များကို ရယူအသုံးပြုပါ။ ဘာပဲဖြစ်ဖြစ်၊ ဘယ်အချိန်ပဲဖြစ်ဖြစ်၊ နေရာတိုင်းမှာ အသုံးပြုပါ။

အိမ်တွင်

သင့် အလုပ်စားပွဲကနေ ဆိုဖာထိုင်ခုံပေါ်သို့ ပုံမပျက် ရွှေ့ပါ။ သင်ဖွင့်ထားတဲ့ စာမျက်နှာများကို သင့်စမတ်ဖုန်းပေါ်မှာ အသုံးပြုပါ (သို့) သင့်စာမှတ်များကို သင့်သင်ပုန်းကွန်ပြူတာပေါ်မှာ ဆက်လက်ကြည့်ရှုပါ။

အလုပ်တွင်

သင့် အရေးကြီးတဲ့ အချက်အလက်များနဲ့ ချိတ်ဆက်မှု ရှိနေပါ။ မည်သည့်အချိန်မှာမဆို သင်လိုအပ်နေချိန် အသုံးပြုနိုင်ရန် စကားဝှက်များနှင့် စာမှတ်များကို တပြေးညီဖြစ်စေပါ။ မီးမြေခွေးကဲ့သို့ ၎င်းတို့လည်း လုံခြုံနေပါမည်။

မည်သည့်နေရာပဲ ရောက်ရောက်

ဘယ်နေရာပဲ သင်သွားသွား သင်နှစ်သက်သည့် ဆိုက်များကို သိမ်းထားပါ (သို့) အိမ်ကနေ သင်စတင်ခဲ့တဲ့ ဇာတ်လမ်းကို အဆုံးသတ်ပါ။ တပြေးညီဖြစ်မှုနှင့်အတူ ပိုမိုလွယ်ကူပါမည်။

မီးမြေခွေးကို နေရာတိုင်းမှာ ရယူပါ

ဂူးဂဲစတိုး မှ အခမဲ့ ရယူလိုက်ပါ အက်ပ်စတိုး မှ ဆွဲချ ရယူရန်