သင် စာရင်းပေးသွင်းပြီး ဖြစ်ပါသည်။ သင့် မီးမြေခွေးကို မည်သည့်နေရာ၊ အချိန်တွင်မဆို အသုံးပြုနိုင်ရန် အသင့် ဖြစ်နေသည်။
သင့်စာမှတ်များ၊ စကားဝှက်များ၊ တပ်ဗ်များနှင့် အခြားစမတ်ဖုန်း၊ သင်ပုန်းကွန်ပြူတာ (သို့) ကွန်ပြူတာမှ အခြားအရာများကို သင် မည်သည့်နေရာတွင် မဆို အသုံးပြုနိုင်ရန် မီးမြေခွေးကို တပြေးညီဖြစ်စေပါ။
ကြည့်ရတာ မီးမြေခွေး ဗားရှင်း အဟောင်းကို သုံးနေတယ်ထင်တယ်
တပြေးညီဖြစ်မှု ဗားရှင်းအသစ်သည် နောက်ဆုံးပေါ်မီးမြေခွေးနှင့်သာ အလုပ်လုပ်ပါသည်။
တပြေးညီဖြစ်မှုသည် မီးမြေခွေးနှင့်အတူ ရရှိနိုင်သည့် အကောင်းဆုံးစွမ်းရည်များထဲမှ တစ်ခုသာ ဖြစ်သည်။
သင့်အီးမေးလ်ကို စစ်ပြီးသည့်နောက်တွင် အတည်ပြုလင့်ခ်ကို နှိပ်ပါ။ သင် အားလုံးကို ဆောင်ရွက်စေပြီးသား ဖြစ်သွားမည်။ မီးမြေခွေးသည် တပြေးညီဖြစ်ရန် နောက်ကွယ်တွင် အလိုအလျောက် ဆောင်ရွက်ပါမည်။
သင့်အီးမေးလ်ကို စစ်ပြီးသည့်နောက်တွင် အတည်ပြုလင့်ခ်ကို ကလစ်နှိပ်ပါ။ သင် အသုံးပြုရန် အသင့်ဖြစ်နေပြီ။ တပြေးညီအတူတူဖြစ်စေရန် သင့်ကိရိယာအားလုံးကို ချိတ်ဆက်ရန် မမေ့ပါနှင့်။
သင့် မီးမြေခွေး၏ ဘယ်အစိတ်အပိုင်းကို တပြေးညီ ဖြစ်စေမယ်ဆိုတာနှင့် ဘယ်နေရာမှာ တပြေးညီဖြစ်စေမယ်ဆိုတာကို သင် ရွေးပါ။ သင်နေ့စဉ် ဆောင်ရွက်သည့်ကိစ္စများတွင် သင်ဖွင့်ထားသည့် စာမျက်နှာများကို ယူဆောင်ပါ။ သင့်လုပ်ငန်းခွင်မှာ စာမှတ်များကို ရယူအသုံးပြုပါ။ ဘာပဲဖြစ်ဖြစ်၊ ဘယ်အချိန်ပဲဖြစ်ဖြစ်၊ နေရာတိုင်းမှာ အသုံးပြုပါ။
သင့် အလုပ်စားပွဲကနေ ဆိုဖာထိုင်ခုံပေါ်သို့ ပုံမပျက် ရွှေ့ပါ။ သင်ဖွင့်ထားတဲ့ စာမျက်နှာများကို သင့်စမတ်ဖုန်းပေါ်မှာ အသုံးပြုပါ (သို့) သင့်စာမှတ်များကို သင့်သင်ပုန်းကွန်ပြူတာပေါ်မှာ ဆက်လက်ကြည့်ရှုပါ။
သင့် အရေးကြီးတဲ့ အချက်အလက်များနဲ့ ချိတ်ဆက်မှု ရှိနေပါ။ မည်သည့်အချိန်မှာမဆို သင်လိုအပ်နေချိန် အသုံးပြုနိုင်ရန် စကားဝှက်များနှင့် စာမှတ်များကို တပြေးညီဖြစ်စေပါ။ မီးမြေခွေးကဲ့သို့ ၎င်းတို့လည်း လုံခြုံနေပါမည်။
ဘယ်နေရာပဲ သင်သွားသွား သင်နှစ်သက်သည့် ဆိုက်များကို သိမ်းထားပါ (သို့) အိမ်ကနေ သင်စတင်ခဲ့တဲ့ ဇာတ်လမ်းကို အဆုံးသတ်ပါ။ တပြေးညီဖြစ်မှုနှင့်အတူ ပိုမိုလွယ်ကူပါမည်။